ဝင္ေၾကးအခမဲ့ျဖင့္ က်င္းပမည့္ 2017 Myanmar Guitar Festival

Mizzima TV 2017-06-15

Views 18

ZawGyi-
2017 Myanmar Guitar Festival ဟု အမည္ေပးထားသည့္ပြဲကို ေမလ ၁ဝရက္တြင္ ရန္ကုန္ၿမိဳ႕ရိွ ကန္ေတာ္ႀကီး ေမွ်ာ္စင္ကြၽန္း၌ ဝင္ေၾကးအခမဲ့ျဖင့္ က်င္းပမည္ဟု ဧၿပီ ၂၇ရက္က ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲမွ သိရသည္။

ထိုေဖ်ာ္ေျဖပြဲႀကီးကို အဆိုေတာ္ ေကာင္းဆက္မွ ဦးစီးက်င္းျခင္းျဖစ္ၿပီး ဂစ္တာပညာရွင္မ်ားမွ တီးခတ္ေဖ်ာ္ေျဖၾကမည္ျဖစ္ကာ အဆိုေတာ္မ်ားမွလည္း ေတးသီခ်င္းမ်ားျဖင့္ ပါဝင္ေဖ်ာ္ေျဖၾကမည္ျဖစ္သည္။

အဆိုေတာ္ ေကာင္းဆက္က "အခု ႐ိႈးပြဲေတြက အဆိုေတာ္ေတြကို အဓိကထား လုပ္ၾကတယ္။ ဂစ္တာနဲ႔ပတ္သက္ၿပီး ပြဲလုပ္တာရွားတယ္။ အဲ့တာေၾကာင့္ ဂစ္တာသမားေတြကို အဓိကထားၿပီး လုပ္ျဖစ္တာပါ။ အတတ္ႏိုင္ဆံုး ႀကိဳးစားၿပီး လုပ္ထားပါတယ္" ဟု ေျပာသည္။

ဂစ္တာပညာရွင္မ်ား အေနျဖင့္ ပက္ထရစ္၊ ျမတ္စိုး၊ ဝင္းေမာ္၊ ေက်ာ္ေက်ာ္၊ ေက်ာ္မင္း၊ Boy၊ ႏိုင္ေဇာ္၊ ေဇာ္လတ္၊ ရန္ႏိုင္၊ စန္းဝင္းေအာင္၊ ညီညီေထြး၊ မင္းဦး၊ ဝဏၰ၊ ေရႊထြဋ္တို႔မွ တီးခတ္ၾကမည္ ျဖစ္သည္။

အဆိုေတာ္မ်ားအေနျဖင့္ ေကာင္းဆက္၊ Rဇာနည္၊ ဖိုးကာ၊ အိမ့္ခ်စ္၊ အ႐ိုး၊ ေဂ်ေမာင္ေမာင္ တို႔ ပါဝင္ေဖ်ာ္ေျဖၾကမည္ ျဖစ္သည္။

ဂစ္တာပညာရွင္ ကိုႏိုင္ေဇာ္က "ဂီတကို ခ်စ္ျမတ္ႏိုးတဲ့သူေတြ လာႏိုင္ပါတယ္။ ျမဴးဇစ္ကို အဓိကထားၿပီး တီးပါမယ္။ ဒီပြဲက အရည္အခ်င္းထုတ္ျပရမယ့္ ပြဲတစ္ခုပါပဲ" ဟု ေျပာသည္။

2017 Myanmar Guitar Festival ကို ေမလ ၁ဝရက္တြင္ ကန္ေတာ္ႀကီး ေမွ်ာ္စင္ကြၽန္း၌ ညေန ၆နာရီမွ စတင္ၿပီး က်င္းပမည္ျဖစ္သည္။


Unicode-
2017 Myanmar Guitar Festival ဟု အမည်ပေးထားသည့်ပွဲကို မေလ ၁ဝရက်တွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမည်ဟု ဧပြီ ၂၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ထိုဖျော်ဖြေပွဲကြီးကို အဆိုတော် ကောင်းဆက်မှ ဦးစီးကျင်းခြင်းဖြစ်ပြီး ဂစ်တာပညာရှင်များမှ တီးခတ်ဖျော်ဖြေကြမည်ဖြစ်ကာ အဆိုတော်များမှလည်း တေးသီချင်းများဖြင့် ပါဝင်ဖျော်ဖြေကြမည်ဖြစ်သည်။

အဆိုတော် ကောင်းဆက်က "အခု ရှိုးပွဲတွေက အဆိုတော်တွေကို အဓိကထား လုပ်ကြတယ်။ ဂစ်တာနဲ့ပတ်သက်ပြီး ပွဲလုပ်တာရှားတယ်။ အဲ့တာကြောင့် ဂစ်တာသမားတွေကို အဓိကထားပြီး လုပ်ဖြစ်တာပါ။ အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ထားပါတယ်" ဟု ပြောသည်။

ဂစ်တာပညာရှင်များ အနေဖြင့် ပက်ထရစ်၊ မြတ်စိုး၊ ဝင်းမော်၊ ကျော်ကျော်၊ ကျော်မင်း၊ Boy၊ နိုင်ဇော်၊ ဇော်လတ်၊ ရန်နိုင်၊ စန်းဝင်းအောင်၊ ညီညီထွေး၊ မင်းဦး၊ ဝဏ္ဏ၊ ရွှေထွဋ်တို့မှ တီးခတ်ကြမည် ဖြစ်သည်။

အဆိုတော်များအနေဖြင့် ကောင်းဆက်၊ Rဇာနည်၊ ဖိုးကာ၊ အိမ့်ချစ်၊ အရိုး၊ ဂျေမောင်မောင် တို့ ပါဝင်ဖျော်ဖြေကြမည် ဖြစ်သည်။

ဂစ်တာပညာရှင် ကိုနိုင်ဇော်က "ဂီတကို ချစ်မြတ်နိုးတဲ့သူတွေ လာနိုင်ပါတယ်။ မြူးဇစ်ကို အဓိကထားပြီး တီးပါမယ်။ ဒီပွဲက အရည်အချင်းထုတ်ပြရမယ့် ပွဲတစ်ခုပါပဲ" ဟု ပြောသည်။

2017 Myanmar Guitar Festival ကို မေလ ၁ဝရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ညနေ ၆နာရီမှ စတင်ပြီး ကျင်းပမည်ဖြစ်သည်။

Share This Video


Download

  
Report form