NLD ဥပဒေ အကြံပေး ဦးကိုနီကို လုပ်ကြံခဲ့တဲ့ အထဲမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်၊ ဗိုလ်ကြီးဟောင်း ဇေယျခိုင်တို့နဲ့ ရင်းနှီးသူ ဗိုလ်မှူးဟောင်း မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းက ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ သူမပါဝင်တဲ့အကြောင်း ယနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောဆိုလိုက်ပါတယ်။