UK P.M Theresa May welcomes Daw Aung San Suu Kyi

DVBTV 2016-09-13

Views 2

ဗြိတိန် ၀န်ကြီးချုပ် ထရီစာမေ က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှတ် (၁၀) ဒေါင်းနင်းလမ်းမှာ စက်တင်ဘာ ၁၃ ရက်နေ့က လက်ခံ တွေ့ဆုံပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင်းရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။ ၃ရက်ကြာတဲ့ အင်္ဂလန် ခရီးစဉ်အတွင်းမှာ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး၊ အောက်လွှတ်တော် ဥက္ကဌတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၁၃ ရက်မှာပဲ လန်ဒန်ကနေ ၀ါရှင်တန်ဒီစီကို ဆက်လက်သွားရောက်ဖို့ ရှိပြီး စက်တင်ဘာ ၁၄ ရက် ဗုဒ္ဓဟူးနေ့ကျရင် အိမ်ဖြူတော်မှာ အမေရိကန်နိုသမ္မတ အိုဘားမားနဲ့တွေ့ဆုံဖို့ ရှိပါတယ်။ ဒါ့အပြင် အမေရိကန် ခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာ ၂၁ ရက်နေ့မှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂ ဌာနချုပ် မှာ ကျင်းပမယ့် ၇၁ ကြိမ်မြောက် အထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

DVB TV - 13.09.2016

Share This Video


Download

  
Report form