မြန်မာအမျိုးသမီးတွေအတွက် အကာအကွယ်ပေးထားတဲ့ဥပဒေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်၁၉၅၄ ခုနှစ်ကတည်းကပြဌာန်းထားတဲ့အတွက် သီးခြားထပ်ပြီးဥပဒေပြဌာန်းစရာမလိုဘူးလို့အခုအပတ်ဒီဗီဘီ ဒီဘိတ်မှာ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဝင်းက ဆွေးနွေးပြောဆိုပါတယ်။
ဒါကို အများစုက လက်က္ခံသဘောတူကြပေမယ့် ဦးကျော်ဆွေကတော့ လိုအပ်တယ်လို့ ခပ်ပြတ်ပြတ်ပဲငြင်းဆိုလိုက်ပါတယ်။ ၁၉၅၄ ဥပဒေဟာ လက်ရှိအခြေအနေနဲ့ကိုက်ညီမှုမရှိတော့တဲ့အတွက် ဘာသာရေးစွတ်ဖက်တဲ့၊ ဓလေ့ထုံးစံစွတ်ဖတ်တဲ့ဥပဒေမျိုးမဟုတ်ရင် ပြဌာန်းသင့်တယ်လို့သူ့ရဲ့သဘော ထားကိုအတိအလင်းပြောဆိုသွားပါတယ်။
အခုအပတ်ဒီဗီဘီဒီဘိတ်ကို မြန်မာနိုင်ငံအထက်ပိုင်းရဲ့မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာ သွားရောက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဦးကျော်ဆွေ၊ မေတ္တာကမ်ပိန်းအဖွဲ့က
ဒေါ်အမာနီ၊ တရားလွှတ်တော်ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းနဲ့ သခင်ကိုယ်တော်မှိုင်းကွန်ရက်က ဦးတင်အေးကြူတို့က အဓိကဆွေးနွေး သွားခဲ့ကြတာဖြစ်ပါတယ်။