ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက် စဉ်းစားတဲ့အခါ တပ်မတော်ကို နစ်နာအောင် လုပ်လို့မရဘူး
ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်အတွက်စဉ်းစားတဲ့အခါ တပ်မတော်ကို နစ်နာအောင်လုပ်လို့မရဘူး

မဇ္ဈိမ
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက လူမျိုးတုံး သတ်ဖြတ်သည်ဟု စွပ်စွဲ၍ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ တရားစွဲဆိုထားပါသည်။ထိုတရားစွဲဆိုထားခြင်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ရင်ဆိုင် ဖြေရှင်းခဲ့သည်။

အဆိုပါ ဖြေရှင်းမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာ အမြင်သဘောထားများ အမျိုးမျိုး ကွဲလွဲလျက်ရှိနေ သည်။

တခြား တဖက်မှာလည်း မသန်စွမ်းသူများသည် ရွေးကောက်ပွဲများ ဝင်ရောက် အရွေးချယ်နိုင်ရေးနှင့် လွှတ်တော်အတွင်း ဝင်ရောက်နိုင်ရေးအတွက် စိတ်အား ထက်သန်လျက်ရှိရာ နိုင်ငံရေးပါတီများမှ မသန်စွမ်း သူများကို ပါတီကနေ ကိုယ်စားပြု ဝင်ရောက်အရွေးချယ်ခံနိုင်မည့် မူဝါဒများကို ချမှတ်ကာ လမ်းဖွင့်ပေးရန် တောင်းဆိုလာနေကြပါသည်။
အဆိုပါ အခြေအနေများနှင့်ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)မှ ဒုဥက္ကဋ္ဌ စိုင်းညွန့် လွင်ကို မဇ္ဈိမက အယ်ဒီတာ ချစ်မင်းထွန်း တွေ့ဆုံ မေးမြန်းထားပါသည်။
(zawgyi)

မဇ္ဈိမ

