ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ - ရုပ်ရှင်ကလစ် ၂ - သမ္မာကျမ်းစာထဲက ရှိရှိသမျှဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ပဲလား။

visibility 12 vues schedule il y a 6 ans timer 27:02
open_in_new Dailymotion
သခင်ကိုယုံကြည်တဲ့အခြားဘာသာရေးသမားတွေလို၊ အကြီးအကဲလီဟာ "သမ္မာကျမ်းစာထဲရှိရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူတယ်၊" "သမ္မာကျမ်းစာသည်ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်၊" "သမ္မာကျမ်းစာသည် ဘုရားသခင်ကိုကိုယ်စားပြုသည်" လို့အမြဲတွေးထင်နေခဲ့ပါတယ်။ ဒီအတွေးအခေါ်တွေဟာ ဟိုးအရင်ကတည်းက သူ့ယုံကြည်ခြင်းအရင်းအမြစ်ဖြစ်နေခဲ့ပါတယ်။ ဒီစကားတွေဟာ သူ့နှလုံးသားထဲမှာ အမြစ်တွယ်နေခဲ့ပြီး သမ္မာတရားကိုလေ့လာဖို့အတားအဆီးနဲ့ သမ္မာတရားလမ်းကိုလက်ခံဖို့အဟန့်အတား နှစ်မျိုးလုံးဖြစ်နေခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ တရားဟောဆရာတွေက စိတ်ရှည်လက်ရှည်နဲ့ အကြီးအကဲလီကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ သမ္မာတရားအကြောင်းတွေကို မိတ်သဟာရဖွဲ့ပေးခဲ့တဲ့အတွက် နောက်ဆုံးတော့ သမ္မာကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင်မှုတ်သွင်းတော်မူတာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ လူတွေရဲ့စကားတွေပါ ပါနေတယ်လို့သူနားလည်ခဲ့ရတယ်။ အကြီးအကဲလီဟာ အခုတော့ ဒီဘာသာရေးအတွေးအခေါ်တွေရဲ့ ခြေချင်းတွေ၊ ချုပ်နှောင်မှုတွေကနေ လွတ်မြောက်ခဲ့ပါပြီ

အသိပညာမျာ:
အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ မူလအစနှင့် ဖွံ့ဖြိုးတိုးတက်ပုံ
https://my.godfootsteps.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။