နည်းပြဘဝ မရရှိဖူးသေးတဲ့ ပထမဆုံး ဥရောပစူပါဖလားကို လီဗာပူးလ်နဲ့အတူ ရယူလိုတဲ့ ကလော့ပ်

visibility 1 views schedule 6 years ago timer 3:06
open_in_new Dailymotion

နည်းပြဘဝ မရရှိဖူးသေးတဲ့ ပထမဆုံး ဥရောပစူပါဖလားကို လီဗာပူးလ်နဲ့အတူ ရယူလိုတဲ့ ကလော့ပ်

ကြာသပတေးနေ့ မနက်အစောပိုင်း (မြန်မာစံတော်ချိန် နံနက် ၁း၃၀)မှာ ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ ဥရောပစူပါဖလားပွဲစဉ်မတိုင်မီ လီဗာပူးလ်နည်းပြ ကလော့ပ်က သူအနေနဲ့ နည်းပြဘဝမှာ မရရှိဖူးတဲ့ ပထမဆုံးဥရောပစူပါဖလားကို ရယူရန် ဆန္ဒပြင်းပြနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဂျာမန်သားနည်းပြက အသင်းကစားသမားအနေနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုအပေါ် အခြေခံပြီး ဆုဖလားဆာလောင်မှုကို ဆက်လက်မွေးမြူသွားဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59634
#အားကစားသတင်း #SportNews #MizzimaNewsInBurmese #မဇ္ဈိမ