ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားများ စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု နိမိတ်ပြနေသည့် မိုးချုန်းသံ ခုနစ်ချက် - ကောက်နုတ်ချက်

visibility 1 просмотров schedule 6 г. назад timer 8:26
open_in_new Dailymotion
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "အရှေ့တိုင်း၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့် အခါမှ ကမ္ဘာတဝန်းရှိအမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည်လွန်ခဲ့သော ကာလများစွာတွင် ဣသရေလပြည်မှ ထွက်သွား၍ အရှေ့တိုင်းတွင် အသစ်တစ်ဖန် ပေါ်ထွက်လာနေသည်ကို တွေ့ရှိကြမည် ဖြစ်သည်။ ဣသရေလပြည်သို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ၎င်းမှထွက်ခွာလာခဲ့ခြင်းကြောင့် ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပါ။ အကြောင်းမူကား ငါ၏အမှုသည် စကြာဝဠာတစ်ခုလုံးကို လမ်းပြခြင်း ဖြစ်သည့်အပြင် အရှေ့တိုင်းမှ အနောက်တိုင်းသို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ၎င်းအကြောင်းရင်းကြောင့် ငါသည် အရှေ့တိုင်းသို့ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့တိုင်း သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင် လိုသဖြင့် စကြာဝဠာ တစ်ခုလုံးကို ထိန်းချုပ်နိုင်ခြင်းငှာ ခါနာန်ပြည်တွင် ငါသည် ဖွင့်ဟခြင်းများ ဆက်လက် ပြုလုပ်သည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ မြေပြင်တစ်ခုလုံး အလင်းမရှိပါ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ပျက်စီးနေ၏။ ငါသည် ငါ၏ဘုန်းတန်ခိုးကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏။ ထို့နောက် ဣသရေလအမျိုးတို့အား အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့ပြီး လူသား အားလုံးကို အရှေ့တိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်ပူးပေါင်း၍ ပေါင်းသင်းကာ၊ ရှာဖွေခြင်း မပြုတော့ရန်အလို့ငှာ ငါသည် အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ "

အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အကြောင်း
https://my.godfootsteps.org/

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

www.stockfootage.com