မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်လုပ်သော ဘတ်စ်ကားသစ်မိတ်ဆက်
မြန်မာနိုင်ငံတွင် ပထမဆုံး စတင်ထုတ်လုပ်သော ဘတ်စ်ကားသစ်မိတ်ဆက်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ထုတ်လုပ်သည့် SC NEUSTAR ဘတ်စ်ကားသစ်မိတ်ဆက်ပွဲနှင့် SC AUTO ( Myanmar) ကုမ္ပဏီ စက်ရုံသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ၊ မင်္ဂလာဒုံမြို့နယ် ၊ ရန်ကုန်စက်မှုဇုန် ( ၁၀ ) လမ်းရှိ အဆိုပါ ကုမ္ပဏီနေရာ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၊ ရင်းနှီးမြုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းအစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊စင်္ကာပူ သံ အမတ်ကြီး H.E Venessa Chan နှင့် SC Auto ၏ ဥက္ကဋ္ဌ Mr.Tan Siow Chua တို့ တက်ရောက် ဖွင့်လှစ် ခဲ့သည်။
ရိုက်ကူး - သူရ / တည်းဖြတ် ထွန်းထွန်းဝင်း