ကျပ် သန်း ၁၀၀၀ တန် လုပ်ငန်းချပေးမှုမှာ မွန်ပြည်နယ်ဝန်ကြီးချုပ်သာ ဆုံးဖြတ်ခဲ့ဟုဆို (ရုပ်သံ)

visibility 2 views schedule 7 years ago timer 3:12
open_in_new Dailymotion
၂၀၁၈ မီနီဘတ်ဂျက်မှာ ကျပ် သန်း ၁၀၀၀ တန် လုပ်ငန်းကို တင်ဒါမခေါ်ဘဲ SMD ကုမ္ပဏီကို လုပ်ကိုင်ခွင့် ပေးတာဟာ မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားမှုနဲ့ လုံးဝ မသက်ဆိုင် ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်ဝန်ကြီးဟောင်း မော်လမြိုင်မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထွင်အောင်က ပြောဆိုလိုက်ပါတယ်။<br /><br />တင်ဒါမခေါ်ဘဲ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချပေးခြင်းအပေါ် လွှတ်တော်က မေးမြန်းလာရင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သူတာဝန်ယူ ဖြေရှင်းမယ်လို့ ပြောခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်လို့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ် ဝန်ကြီးချုပ်ကိုယ်တိုင် တာဝန်ယူ ဖြေရှင်းရမယ်လို့ မေ ၉ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။