ဧရာဝတီတိုင်း စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် တိုင်းစည်ပင်ကော်မတီ ဖွဲ့စည်းရန်ကိစ္စများ ပါဝင်ဟုဆို

visibility 2 görüntülenme schedule 7 yıl önce timer 2:09
open_in_new Dailymotion
ဧရာဝတီတိုင်း စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် တိုင်းစည်ပင်ကော်မတီ ဖွဲ့စည်းရန်ကိစ္စများ ပါဝင်ဟုဆို

တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းသွားရန် တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းထားသည့် စည်ပင်သာယာရေးဥပဒေမူကြမ်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမ သို့ပြောသည်။

"စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ယခင်တုန်းက ဧရာဝတီတိုင်းဒေသကြီး စည်ပင် သာယာရေးမှာ မြို့နယ်စည်ပင်သာယာရေးနှင့်တိုင်းစည်ပင်သာယာရေးအဖွဲ့ တိုင်းဝန်ကြီးဌာန ရယ်လို့ပဲ ရှိပါတယ်။ လိုအပ်မှုနေတာက တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီဆိုတာ လိုအပ်မှု ရှိနေပါတယ်။ ဥပဒေအသစ်မှာတော့ တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီကိုပါ ဖွဲ့စည်းပြီးတော့ ဧရာဝတီတိုင်းဒေသ ကြီး စည်ပင်သာယာရေးလုပ်ငန်းများကိုဖွံဖြိုးတိုးတက်အောင် ဦးဆောင် ဆောင်ရွက်နိုင်မယ့် ကော်မတီ တစ်ရပ် ဖွဲ့စည်းနိုင်အောင် ထည့်သွင်းထားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေမူကြမ်းကို တိုင်းဒေသကြီးလွှတ်တော် ၁၇ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ဥပဒေမူကြမ်းအား တိုင်းလွှတ်တော်ဥပဒေစိစစ်ရေးကော်မတီက စိစစ်လျက်ရှိကြောင်း သိရသည်။

ရိုက်ကူး- စည်သူမောင်မောင်