နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (အနှစ်တစ်ထောင် နိုင်ငံတော် ရောက်ရှိလာပြီ)

visibility 2 visualizzazioni schedule 7 anni fa timer 31:57
open_in_new Dailymotion
အမှန်တကယ်မှာ အနှစ်တစ်ထောင် နိုင်ငံတော် ကမ္ဘာပေါ်သို့ ရောက်ရှိလာခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကမ္ဘာသို့ ရောက်ရှိခြင်းပင် ဖြစ်သည်ဟူသည့် ကိစ္စကို ငါရှင်းပြစရာမလိုပါ။ ကောင်းကင်က ဆင်းသက်လာသော ယေရုရှလင်သစ် ဆိုသည်မှာ လူများ၏ ပြုမှု၊ လုပ်ဆောင်ချက်အားလုံး၊ အတွင်းအကျဆုံးသော အတွေးအားလုံးထဲမှာ အတူရှိရန်နှင့် လူများထဲမှာ ရှင်သန်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရောက်ရှိလာခြင်းပင် ဖြစ်သည်။ ဤအရာသည်လည်း ဘုရားသခင် ပြည့်စုံစေလိမ့်မည်ဆိုသော အချက်နှင့် အနှစ်တစ်ထောင် နိုင်ငံတော်၏ အံ့သြဖွယ် မြင်ကွင်းများ ဖြစ်သည်။ ဘုရားသခင် ချမှတ်ထားသော အစီအစဉ်သည် ဤအတိုင်းဖြစ်သည် သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာပေါ်မှာ နှစ်တစ်ထောင်ကြာအောင် ပေါ်လာမည်၊ သူ၏ လုပ်ဆောင်ချက်များ အားလုံးကို ထိုအရာများက ပေါ်လွင်ထင်ရှားစေပြီး ကမ္ဘာပေါ်က သူ၏ အမှုများအားလုံးကို ပြီးစီးစေမည်၊ ထို့နောက်တွင်ကား လူသားမျိုးနွယ်၏ ဤအဆင့်သည် နိဂုံးအဆုံးပိုင်းကို ရောက်လာမည်ဖြစ်သည်။

သင် ကြိုက်နှစ်သက်နိုင်သည့် ခရစ်ယာန်ရုပ်ရှင်များ
https://my.godfootsteps.org/videos/was-work-of-salvation-completed.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။