ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို ထောင်ဒဏ် ၂၂ နှစ် ချမှတ် (ရုပ်/သံ)

visibility 5 visningar schedule 7 år sedan timer 2:51
open_in_new Dailymotion
ဧရာဝတီ၊ မတ် ၁၉၊ ၂၀၁၉

ရခိုင် နိုင်ငံရေးသမား ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ပုဒ်မ ၅၀၅ ( ခ ) အတွက် ထောင်ဒဏ် ၂ နှစ် ၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ အမှုအတွက် ထောင်ဒဏ် ၂၀ နှစ် စုစုပေါင်း ၂၂ နှစ် ကို တပေါင်းတည်း ကျခံစေလို့ ဒီနေ့ စစ်တွေမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်မှာ ကျင်းပတဲ့ ရခိုင်နိုင်ငံတော် အချုပ်အခြာ ကျဆုံးခြင်း ဝမ်းနည်းမှုအထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ဟောပြောချက်တွေဟာ ဥပဒေနဲ့ မလွတ်ကင်းဘူးဆိုပြီး အစိုးရက မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ တွေနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇ (၁)ကို ပြန်လည်ပယ်ဖျက်ကာ ကျန်တဲ့ ၂ မှုကို ဒီနေ့ အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။

ရိုက်ကူး - မင်းအောင်ခိုင်
တည်းဖြတ် - ဝေယံမိုးမြင့်