အကယ်ဒမီခင်ဇာခြည်ကျော်၊ ဘုန်းမင်းနေလတို့နှင့်တွေ့ဆုံခြင်း အပိုင်း ( ၁ )

visibility 5 vizualizări schedule acum 7 ani timer 12:09
open_in_new Dailymotion
အကယ်ဒမီခင်ဇာခြည်ကျော်၊ ဘုန်းမင်းနေလတို့နှင့်တွေ့ဆုံခြင်း အပိုင်း ၁

“အမက အနုပညာလောကထဲကို စတင်ဝင်ရောက်ဖြစ်တာကတော့ ၁၉၉၁ခုနှစ်ပေါ့နော်၊ အသက် ၁၅နှစ်မှာ သပြေမျက်နှာဖုံးရှင်နဲ့ ဝါသနာရှင်ကဏ္ဍကစပြီး ဒီလောကထဲကိုဝင်ရောက်ခဲ့ပါတယ်” အကယ်ဒမီ ခင်ဇာခြည်ကျော်။

“မောင်နှမနှစ်ယောက် အရမ်းတည့်တဲ့အချိန်က အမေ့ကိုလိမ်တဲ့အချိန်ပေါ့” ဘုန်းမင်းနေလ။

Artist Interview အစီအစဉ်ကတော့ နှစ်သစ်မှာ အသွင်သစ်နဲ့ ပရိသတ်တွေရှေ့ကို ရောက်လာပါပြီ။ အရင်က အနုပညာရှင်တစ်ယောက်ချင်းစီနဲ့ တွေ့ဆုံခဲ့ရာမှာ အခုတော့ အနုပညာမျိုးဆက်နှစ်ဆက်နဲ့ နှစ်သစ်မှာ ပရိသတ်တွေကို တွေ့ဆုံစေမှာပါ။ သူတို့က ငါသူတစ်ပါးယောက်ျားမိန်းမ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရရှိခဲ့တဲ့ ခင်ဇာခြည်ကျော်၊ သူ့ရဲ့မျိုးဆက် ဘုန်းမင်းနေလတို့ဖြစ်ပါတယ်။ အစီအစဉ်အပြည့်အစုံကို ဒီနေ့ည ၈နာရီခွဲအချိန် Mizzima TV ရဲ့ Artist Interview အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။ နှစ်သစ်မှာ ပရိသတ်များအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။