အဂတိလိုက်စားမှုတိုက်ဖျက်နိုင်ရေး ကျောင်းပညာပေး အစီအစဉ် စပြီ=====================တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီးေ

visibility 6 views schedule 7 years ago timer 2:18
open_in_new Dailymotion
အဂတိလိုက်စားမှုတိုက်ဖျက်နိုင်ရေး ကျောင်းပညာပေး အစီအစဉ် စပြီ

တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ မူလတန်းအဆင့် ဆရာကိုင် သင်ရိုးညွှန်းတမ်းစာအုပ်ပေါင်း ၄ သောင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပညာရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်လို့ ခေါင်းစဉ်တပ်ထားတဲ့ အဲ့ဒီစာအုပ်ထဲက သင်ရိုးညွှန်းတမ်းတွေကို လက်ရှိ မူလတန်းကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားသွားမှာ ဖြစ်ပါတယ်။
စာရိတ္တမြှင့်တင်ဖို့နဲ့ ရိုးသားဖြောင့်မတ်ဖို့ အဓိက အလေးပေးပြီး ရေးဆွဲထားတဲ့ ဒီသင်ရိုးညွှန်းတမ်းမှာ သီချင်း၊ ကဗျာ၊ ပုံပြင်နဲ့ ရုပ်ပြဇာတ်လမ်းတိုတွေ ပါတယ်ဝင်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူက ပြောပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ပညာရေးဝန်ကြီးဌာနနတို့ ပူးပေါင်းရေးဆွဲထားတဲ့ ဒီသင်ရိုးညွှန်းတမ်းကို နောက်နှစ်မှာ စာအုပ်ပေါင်း နှစ်သိန်းခွဲအထိ ရိုက်နှိပ်ပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ကျောင်းတွေကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

ရိုက်ကူး၊တည်းဖြတ်-မင်းမင်း၊ အောင်မြတ်သူ