
visibility 2 görüntülenme schedule 7 yıl önce timer 2:11
open_in_new Dailymotion

အောက်တိုဘာ - ၁၉ ၊၂၀၁၈







(Unicode)

ဦးကိုနီအသတ်ခံရတဲ့အမှု စစ်ဆေးနေတာ ဘယ်အခြေအနေရှိပြီလဲ

အောက်တိုဘာ - ၁၉ ၊၂၀၁၈

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သေနတ်သမားကြည်လင်းနဲ့ အပေါင်းအပါတွေကို အောက်တိုဘာ ၁၉ ရက်နေ့က ( ၈၆ ) ကြိမ်မြောက်ရုံးချိန်းအဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့ရုံးချိန်းမှာတော့ တရားခံပြသက်သေတစ်ဦးဖြစ်တဲ့ အောင်ဝင်းထွန်းရဲ့ မော်တင်စွန်းမှာရှိတဲ့ ဘန်ဂလိုတည်ဆောက်ရေးမှာ အလုပ်လုပ်ခဲ့တဲ့ ပန်းရံဆရာကို စစ်ဆေးခဲ့တာပါ။

ဒီအမှုမှာ အောင်ဝင်းထွန်းနဲ့ အောင်ဝင်းဇော်တို့ရဲ့ တရားခံပြသက်သေ ၅ ယောက်လောက် ကျန်နေသေးတယ်လို့ဆိုပါတယ်။

လာမယ့်ရုံးချိန်းမှာတော့ အောင်ဝင်းထွန်းရဲ့သက်သေကို မစစ်တော့ပဲ ဇေယျာဖြိုးရဲ့သက်သေတွေကို စစစ်မှာဖြစ်တယ်လို့ သိရပါတယ်။

အမှုကို နိုဝင်ဘာ ၁ ရက်နေ့မှာ ဆက်လက်စစ်ဆေးမှာလို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး