မူးယစ်သားကောင်ဖြစ်တဲ့လူငယ်တွေအတွက်ပညာပေးမယ့် အပ်ဖျားတစ်ထောက်အောက်တိုဘာ - ၁၂၊၂၀၁၈မူးယစ်ရဲ့သားကောင်ဖြစ်နေရတဲ့ လူငယ်တွေအတွက် အသိပညာပေးအဖြစ် ရိုက်ကူးမယ့် အပ်ဖျာ
မူးယစ်သားကောင်ဖြစ်တဲ့လူငယ်တွေအတွက်ပညာပေးမယ့် အပ်ဖျားတစ်ထောက်

အောက်တိုဘာ - ၁၂၊၂၀၁၈

မူးယစ်ရဲ့သားကောင်ဖြစ်နေရတဲ့ လူငယ်တွေအတွက် အသိပညာပေးအဖြစ် ရိုက်ကူးမယ့် အပ်ဖျားတစ်ထောက် ဇာတ်လမ်းတွဲကို မကြာခင်မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။

Search For Common Ground အဖွဲ့အစည်းနဲ့ MRTV တို့မှ ပူးပေါင်းတင်ဆက်တာဖြစ်ပြီး လမ်းမှားရောက်နေတဲ့ လူငယ်တွေအတွက် မတူကွဲပြားမှုတွေကနေ တူညီတဲ့လူ့အသိုက်အဝန်းဆီကို ပေါင်းကူးပေးနိုင်ဖို့အတွက် ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။

လူငယ်နဲ့ မိသားစု၊ လူငယ်နဲ့ယုံကြည်မှုတွေအပြင် ဦးတည်ရာလမ်းကြောင်းတွေမှားယွင်းတဲ့အခါမှာ ဘယ်လိုတည့်မတ်ကြမလဲဆိုတာ ဒီဇာတ်လမ်းတွဲမှာတွေ့မြင်ရမှာပါ။

သရုပ်ဆောင်အောင်မြင့်မြတ်၊ အကယ်ဒမီပိုင်ဖြိုးသုနဲ့ တခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကို လာမယ့် အောက်တိုဘာ ၁၃ရက်နေ့မှာ MRTV ကနေ စတင်ထုတ်လွှင့်သွားမှာဖြစ်ပြီး MRTV ရေဒီယိုကနေလည်း အပတ်စဉ် တနင်္လာ၊စနေ၊တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပေးသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်