
ဇူလိုင် - ၇ ၊၂၀၁၈



ဇာတ်လမ်းကတော့ မိန်းမချောတွေရှိတဲ့ အပျိုစင်ရွာ ကို အမျိုးသားသုံးယောက်ရောက်သွားချိန်မှာ ကြုံရတဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ ။



ရုပ်သံသတင်းထောက်- ဇွဲဥာဏ်


(Unicode)

အပျိုစင်ရွာကိုရောက်သွားတဲ့အမျိုးသားသုံးဦးအကြောင်း

ဇူလိုင် - ၇ ၊၂၀၁၈

တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ အနုပညာရှင်တွေက ပရိသတ်တွေနဲ့ တွေ့ဆုံ လက်မှတ်ရေးထိုးပွဲကိုတော့ ဇူလိုင်လ ၆ ရက်က ပြု လုပ်ခဲ့ပါတယ် ။

ဒီဇာတ်ကားမှာ ကျော်ရဲအောင် ၊ပြေတီဦး ၊ ဗေလုဝ ၊အေးမြတ်သူ ၊ သင်ဇာဝင့်ကျော် နဲ့ မော်ဒယ် တွေ ပါဝင် သရုပ်ဆောင်ထားကြတာပါ ။

ဇာတ်လမး်ကတော့ မိန်းမချောတွေရှိတဲ့ အပျိုစင်ရွာ ကို အမျိုးသားသုံးယောက်ရောက်သွားချိန်မှာ ကြုံရတဲ့ အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ ။

ဒီဇာတ်ကားကို ဇူလိုင်လ ၆ ရက်မှာ စတင် ရုံတင်ပြသနေတာဖြစ်ပြီး ဇာတ်ကားရဲ့ နမူနာကိုတော့ ကြည့်ရှုသူဟာ သုံးသန်းကျော်အထိ ရှိနေပါပြီ ။

အပျိုစင်ရွာသူတွေ အဖြစ်ပါဝင်ပေးထားတဲ့ အေးမြတ်သူ နဲ့ သင်ဇာဝင့်ကျော်တို့ရဲ့ ဇာတ်ကားမှာ ပါဝင်ခဲ့ရတဲ့ အမှတ်တရတွေအကြောင်း ပြန်လည်ပြောပြထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

ရုပ်သံသတင်းထောက်- ဇွဲဉာဏ်

#အပျိုစင် #တိုးကျော်မန်းနဲ့နန်းဆန်တဲ့ရွာ #မိန်းမချော #7DAY TV