ျမန္မာ့ရုပ္ရွင္ေလာကကို လႈပ္ခတ္ေစဦးမယ့္ “ဒုဌဝတီကိုလြန္၍”ေမ - ၁၊ ၂၀၁၈ျမန္မာ့ရုပ္ရွင္ေလာကရဲ႕ အေျပာင္းအလဲတစ္ခုကို ေစာင့္ေမွ်ာ္ေနတဲ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္
ျမန္မာ့ရုပ္ရွင္ေလာကကို လႈပ္ခတ္ေစဦးမယ့္ “ဒုဌဝတီကိုလြန္၍”

ေမ - ၁၊ ၂၀၁၈

ျမန္မာ့ရုပ္ရွင္ေလာကရဲ႕ အေျပာင္းအလဲတစ္ခုကို ေစာင့္ေမွ်ာ္ေနတဲ့ ရုပ္ရွင္ခ်စ္ပရိသတ္ေတြအတြက္ ဒုဌဝတီကိုလြန္၍ ရုပ္ရွင္ကားႀကီးဟာ ဘယ္လိုထူးျခားမႈေတြနဲ႔ ျပည့္ႏွက္ေနမလဲဆိုတာ မၾကာခင္မွာ ပရိသတ္ေတြၾကည့္ရႈၾကရေတာ့မွာပါ။

ရံုမတင္ခင္ကတည္းက ဇာတ္ကားနမူနာၾကည့္ရႈသူ တစ္သန္းခြဲရွိခဲ့ၿပီး ျမန္မာ့ရုပ္ရွင္ေလာကကို တေခတ္္ဆန္းေစမယ့္ ရုပ္ရွင္ကားေကာင္းတစ္ကားျဖစ္မယ္လို႔ ပရိသတ္ေတြက ယံုၾကည္ေနၾကတာလည္းျဖစ္ပါတယ္။

လူငယ္ဒါရိုက္တာ အာကာရဲ႕ ပထမဆံုး ပြဲဦးထြက္ဇာတ္ကားလည္းျဖစ္ၿပီး ဒီရုပ္ရွင္ကို လာမယ့္ ေမလ ၄ ရက္ေန႔မွာ ျမန္မာတစ္ႏို္င္ငံလံုးမွာ ရံုတင္ျပသမွာလည္းျဖစ္ပါတယ္။

မေန႔က ဧၿပီ ၃၀ ညက ဒုဌဝတီကို လြန္၍ ရုပ္ရွင္ကို ဖန္တီးၾကတဲ့သူေတြရဲ႕ Red Carpet Show ကို ျပဳလုပ္ခဲ့ၿပီး ျမန္မာ့ရုပ္ရွင္က္ို ေလ့လာေနၾကသူေတြ၊ ႏိုင္ငံေက်ာ္အႏုပညာရွင္ေတြလာေရာက္ၾကည့္ရႈခဲ့ၾကပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

Unicode

မြန်မာ့ရုပ်ရှင်လောကကို လှုပ်ခတ်စေဦးမယ့် “ဒုဌဝတီကိုလွန်၍”

မေ - ၁၊ ၂၀၁၈

မြန်မာ့ရုပ်ရှင်လောကရဲ့ အပြောင်းအလဲတစ်ခုကို စောင့်မျှော်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကားကြီးဟာ ဘယ်လိုထူးခြားမှုတွေနဲ့ ပြည့်နှက်နေမလဲဆိုတာ မကြာခင်မှာ ပရိသတ်တွေကြည့်ရှုကြရတော့မှာပါ။

ရုံမတင်ခင်ကတည်းက ဇာတ်ကားနမူနာကြည့်ရှုသူ တစ်သန်းခွဲရှိခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကကို တခေတ်ဆန်းစေမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်မယ်လို့ ပရိသတ်တွေက ယုံကြည်နေကြတာလည်းဖြစ်ပါတယ်။

လူငယ်ဒါရိုက်တာ အာကာရဲ့ ပထမဆုံး ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပြီး ဒီရုပ်ရှင်ကို လာမယ့် မေလ ၄ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးမှာ ရုံတင်ပြသမှာလည်းဖြစ်ပါတယ်။

မနေ့က ဧပြီ ၃၀ ညက ဒုဌဝတီကို လွန်၍ ရုပ်ရှင်ကို ဖန်တီးကြတဲ့သူတွေရဲ့ Red Carpet Show ကို ပြုလုပ်ခဲ့ပြီး မြန်မာ့ရုပ်ရှင်ကို လေ့လာနေကြသူတွေ၊ နိုင်ငံကျော်အနုပညာရှင်တွေလာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်