ဗုဒ္ဓဟူးနေ့မှာ အရေးပါတဲ့ အကောက်ခွန်ပြုပြင်ပြောင်းလဲမှုတစ်ရပ် ကြေညာမယ်လို့ ထရန့်ကတိပြု

visibility 0 views schedule 8 years ago timer 1:09
open_in_new Dailymotion
အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အခွန်ပြုပြင်ပြောင်းလဲရေးအတွက် သူရဲ့ ဆိုင်းငံ့ထားတဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ အရေးပါတဲ့ ကြေညာချက်တစ်ရပ်ကို လာမယ့်ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်သွားမယ်လို့ သောကြာနေ့က ပြောဆိုလိုက်ပါတယ်။ ‘အကောက်ခွန်ဥပဒေပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့မှာ ကြီးမားတဲ့ ကြေညာချက်တစ်ရပ် ကျွန်တော်တို့ ထုတ်ပြန်သွားပါမယ်။ အဲဒီလုပ်ငန်းစဉ်ဟာ အချိန်အကြာကြီးက စတင်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုကို ဗုဒ္ဓဟူးနေ့မှစပြီး လုပ်ဆောင်သွားပါမယ်’’ဟု ထရန့်က ဘဏ္ဍာရေးဝန်ကြီးဌာနကနေ ပြောကြားခဲ့ပါတယ်။ ထရန့်ရဲ့ အကောက်ခွန်ပြုပြင်ပြောင်းလဲမှုရဲ့ အဓိကဦးစားပေးကိစ္စတွေမှာ လူပုဂ္ဂိုလ်အလိုက် ၀င်ငွေအခွန်ကောက်ခံမှုကို ပိုရိုးရှင်းအောင် လုပ်တာနဲ့ အလယ်အလတ်တန်းစားတွေအတွက် အခွန်လျှော့ချပေးတာ ကုမ္ပဏီတွေကို ပိုပြီး အပြိုင်အဆိုင်ဖြစ်လာစေအောင် လုပ်ဆောင်တာတွေပါမယ်လို့ နူချင်က ဆိုပါတယ်။