ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မေ ၂၄ မှာ ထပ်လုပ်မယ်

visibility 3 views schedule 8 years ago timer 0:37
open_in_new Dailymotion
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တစ်လအကြာ မေလ ၂၄ ရက် နေ့မှာ ထပ်မံပြုလုပ်မယ်လို့ သိရပါတယ် ။<br />ဒီနေ့ မနက်ပိုင်းမှာ ကျင်းပ နေတဲ့ NCA အထောင်အထည်ဖေါ်ရေးဆိုင်ရာ စည်းဝေးပွဲရဲ့ ပထမပိုင်းဆွေးနွေး မှုအပြီး မှာ အခုလို ဆုံးဖြတ်ချက်ချနိုင်ခဲ့တာလို့ အစည်းအဝေးကို တက်ရောက်နေတဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောခဲ့တာပါ။ အစည်းအဝေးပွဲ ပထမပိုင်းအပြီးမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့တာပါ။ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ပင်လုံအစည်းအဝေးကို ပထမအကြိမ်တုန်းက အတိုင်း နေပြည်တော်မှာ ငါးရက်ကြာ ကျင်းပ ဖို့ သဘောတူညီမှု ရခဲ့တယ်လို့ ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောခဲ့ပါတယ်။<br />ရုပ်သံသတင်းထောက် - စိုးရ