သင်္ကြန်ပိတ်ရက်အပါအဝင် တောင်းဆိုချက် ၁၆ ချက် နဲ့ စက်ရုံအလုပ်သမားတစ်ထောင်နီးပါးဆန္ဒပြ

visibility 1 views schedule 8 years ago timer 1:47
open_in_new Dailymotion
ဒီနေ့ မနက်က စပြီး Sunday စက်ရုံက အလုပ်သမား တစ်ထောင်နီးပါးဟာ သင်္ကြန်ပိတ်ရက် ဆယ်ရက် ပိတ်ပေးဖို့ အပါအ၀င် တောင်းဆိုချက် ၁၆ ချက်နဲ့ စက်ရုံရှေ့မှာ ဆန္ဒပြ တောင်းဆိုနေတာ ဖြစ်ပါတယ်။ စက်ရုံမှာ နေ့ဆိုင်း ညဆိုင်း ဆင်းရတဲ့ အလုပ်သမား နှစ်ထောင်ကျော် ရှိပြီး ဒီနေ့ မနက်ကတည်းက ဆန္ဒပြ တောင်းဆိုနေတာက နေ့ဆိုင်း အလုပ်သမားတွေ ဖြစ်ပါတယ်။ အခုဆိုရင် အလုပ်သမား ကိုယ်စားလှယ် တချို့နဲ့ အလုပ်ရှင်ကိုယ်စားလှယ်တို့ လှိုင်သာယာမြို့နယ် ညှိနှိုင်းဖြန်ဖြေရေးရုံးမှာ အလုပ်ရှင်၊ အလုပ်သမား စာချုပ် နှစ်ဘက်ကြား ချုပ်ဆိုနိုင်ဖို့ သွားရောက် ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။<br /><br />ရုပ်သံ သတင်းထောက်- အလှလေး သူဇာ