လဘ္ဘက်ရည်တစ်ခွက် လျှော့သောက်ပြီး မျှဝေခြင်း အစီအစဉ်မှာ ပါဝင်ဖို့ ပြည်ထောင်စုဝန်ကြီးပြော

visibility 4 بازدید schedule 8 سال پیش timer 1:32
open_in_new Dailymotion
ဒီဇင်ဘာလ ၁ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ပြည်သူ့လွှတ်တော်ပုံမှန် အစည်းအဝေး အတွင်းမှာ မောက်မယ် မဲဆန္ဒနယ်က ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းရဲ့ မေးခွန်းကို ပြန်လည် ဖြေကြားရင်း လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဒေါက်တာအောင်သူက အခုလို ပြည်သူတွေ အနေနဲ့ လဘ္ဘက်ရည်တစ်ခွက်လျှော့သောက်ပြီး မျှဝေခြင်း အစီအစဉ်မှာ ကူညီပါဝင်ဖို့ပြောကြားခဲ့တာပါ။ မျှဝေခြင်း အစီအစဉ်ကို လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနက ဦးဆောင်ပြီး ပြင်ပအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်နေပြီဖြစ်ပြီး ဒီအစီအစဉ်က ရလာတဲ့ အလှူငွေတွေကို နိုင်ငံတော်က ဖော်ဆောင်ဖို့ အခက်အခဲ ရှိနေတဲ့ စီမံကိန်းတွေကို ကူညီပူးပေါင်းသွားဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။<br />ရုပ်သံသတင်းထောက်- စိုးရ